Vista

(image from google )

ဘော်ဘီအိမ် ပြန်ကပ်ပြီ

ဘလက်ကီမရှိသည့်နောက်ပိုင်းမှာ မှဘော်ဘီအိမ်ပြန်လာသည် ။ဘယ်မှမသွားတော့။
သူ့ ကိုစောင့်ရှောက်ထားသည့်ရဲဘော်တွေ ဂိတ်ကိုတော့
တစ်နေ့ ၂ ခါလောက်သွားသည်။ ခဏနေပြီးပြန်လာ သည်။
အိမ်မှာ အချစ်တော်နေရာကို ဆက်ခံတော့သည်။
အရင်ကတည်းက ဘလက်ကီက ဖေဖေ့ကိုကပ်တာများပြီး ဘော်ဘီက သူမ နှင့်တွဲဖက် မို့ 
သူမနှင့်တစ်တွဲတွဲ မခွဲဖြစ်လာသည်။
သူမ စာအုပ်ဖတ်နေလည်း အနားမှာ ဝပ်နေတတ်တာဘော်ဘီ။
ကျောင်းအပြန်ကျောပိုးအိတ် သယ်ပေးတာဘော်ဘီ ။
သူမကလည်းသွားလေရာမခွဲချင်သည်မှာ ဒီလောက်ကြီးသောခွေးကြီးကို
စက်ဘီးနောက်တင်ပြီး စီးသေးသည် ။မနိုင်တော့ နှစ်ယောက်လုံးလဲကွဲ ။
ဘော်ဘီဟာ ကြင်နာတတ်တယ် လူခင်တယ် ၊ ကြောင်တွေကိုလည်းခင်တယ်။
သူမကြောင်လေးတွေ ပေါက်ပြီ ဆိုဘော်ဘီကချောင်းနေတော့တာ။
ကြောင်မကြီးက ကြောင်လေးတွေ နေထုတ်ပြပြီဆိုရင် စွတ်ဆိုပေါက်ချလာရော ။
ကြောင်မက သူ့ ကလေးတွေကိုက်မှာစိုးလို့ အော်လိုက် ရန်လုပ်လိုက်ပေါ့ ။ ဘော်ဘီကတော့ကြောင်လေးတစ်ကောင်စီ ဂုတ်ကဆွဲချီလို့ မြက်ခင်းပေါ်ချ သေချာလျှက်ပေးပါတော့တယ်။
ကြောင်လေးမှာ သားရည်တွေရွဲလို့ ရယ်လေ။
ကြောင်အမေကြီး ကတော့ ဒေါတွေဖောင်းလို့ သူ့ သားသမီးတွေကို ပြန်လျှက်တော့တာပေါ့။

ဘော်ဘီလူခင်တဲ့ နေရာမှာ ဖက်ဖက်တက်တတ်တာက တော်တော်ဆိုးတာ။
တစ်နေ့ အိမ်လာလည်တဲ့ အန်တီတစ်ယောက်ကို ပြေးပြီး ဖက်တက်လိုက်တာ ၊ ဟိုက နှလုံးရောဂါသည်လေ။
အမလေးဆို မေ့သွားလို့ ဆရာဝန်ပင့်လိုက်ရပါရောလား။
ကံကောင်းလို့ လူသေမှုမဖြစ်တယ် ။ချစ်တတ်တာတွေ အဲလို။


------------------------------------------------------

ဘော်ဘီအပျိုမ

့သူမတို့ မြို့ လေးမှာဘော်ဘီ နာမည်ကြီးလာတာပေါ့။
အဲဒီတုန်းက German Shepherd ( အယ်လဇေးရှင်း) တွေ များများမရှိကြသေး။
ခွေးထီးပိုင်ရှင်တွေ က လှလှထွားထွားဘော်ဘီ့ ကို မျက်စိကျကြလို့ 
ဖေဖေ နှင့်မေမေကို လာနားဖောက်ကြတာ။ မေမေတို့ လည်းငြင်းတန်ငြင်းပေါ့လေ။
ဒီလိုနဲ့ သူမတို့ နှစ်အိမ်ကျော် က ဖေဖေ့ မိတ်ဆွေကြီး အိမ်က သူခွေးကြီးနဲ့ စပ်လိုကြောင်း စကားစလာတော့
ငြင်းမကောင်းသူမို့ ဖေဖေက ၊ အပြတ်မငြင်းလိုက် ၊
ဒါပေမယ့်သူတို့ ပြောသလိုတော့ ကားဂိုဒေါင်ထဲ တူတူထည့်ထားပေးဖို့ ငြင်းလိုက်ပြီး ၊
“ ရမ်ဘို “ ကို အိမ်ဘက်လွှတ်လွှတ်ပေးပါလို့ ပဲပြောလိုက်တယ်လေ။
သူတို့ ခြင်းကြိုက်ရင်ယူပေါ့ ။

တစ်နေ့ တော့ “ ရမ်ဘို “ က ရစ်သီရစ်သီနဲ့  ခြံရှေ့ လူပျိုလှည့်ရန်ရောက်အလာ ..
ဘော်ဘီက တွေ့ သွားပြီး အပြင်ထထွက်သွားတော့ ...
သူမက အမယ်တယ်ဟုတ်ပါလားဆိုအကဲခတ်နေစဉ် ၊
တစ်ခါတည်းတစ်ရူးထိုးလိုက်ကိုက်သည်မှာ ရမ်ဘို ကရှေ့ ကပြေး ဘော်ဘီက နောက်ကလိုက်နဲ့  ။
ရမ်ဘိုက သူ့ ခြံတံခါးဖွင့်ထားလို့ အထဲဝင်ပြေးပါတယ် ဘော်ဘီကနောက်ကလိုက်ကိုက်ပြီး ခြံထဲ က အလှစိုက် နှင်းဆီတွေ သစ်ခွအိုးတွေအကုန်ကျိုးပဲ့  . ရမ်ဘိုလည်း စုတ်ပြတ်ထွက် ။
နောက်လည်း အဲအိမ်က စပ်ဖို့ စကားမစလာတော့ ၊ ဖေဖေလည်း မျက်နှာမပျက်ကြအောင်အတော်လေးပြောဆိုလိုက်ရတာပေါ့။
အိမ်မှာတော့ချီးကျုးနေတာလေ .. ဒါမှ ငါ့သမီးဘော်ဘီတဲ့။ ဟိဟိ။
ဒီလိုနဲ့  ဘယ်ခွေးနဲ့ မှ စပ်မရတဲ့ အပျိုမ ဘော်ဘီပေါ့။

----------------------------------------------------

တွေ့ ဆုံခြင်းအစ ခွဲခွာခြင်းအဆုံး

တစ်နေ့ မှာတော့ဘော်ဘီနဲ့ ခွဲကြရဖို့ ဖြစ်လာတော့တာ။
ဖေဖေက နိုင်ငံခြားမှာ အလုပ်သွားလုပ်တော့မှာတဲ့  ဘယ်နှနှစ်ကြာမယ်မသိနှိင်ပါတဲ့
၅ နှစ်သော်လည်းကောင်း ၁၀ နှစ်သော်လည်းကောင်း ဖြစ်မှာ မို့ 
တစ်မိသားစုလုံးပြောင်းကြရတော့မှာလေ။
ဘော်ဘီ့ကိုခေါ်သွားဖို့ အဆင်မပြေပါ။
အစစလုပ်ရမှာတွေ ၊ သွားရမယ့်နေရာကလည်းဝေးဆိုတော့ ဖေဖေ့သူငယ်ချင်းက ယူမယ်တဲ့ ။
ဒီလို နဲ့ ရန်ကုန်က ဖေဖေ့သူငယ်ချင်းဆီရောက်ခဲ့တာပေါ့။
အဲဒီ ဦးဦးက မူးယစ်တပ်ဖွဲ့ မှာအရာရှိလေ။
သူကဘော်ဘီ့ကို မြင်တော့ ဖေဖေ့ကိုတစ်ခုတောင်းဆိုတယ် ၊
နိုင်ငံတော်အတွက် အသုံးချ မလားတဲ့ ။ သူမက နားမရှင်းလို့ ဖေဖေက ရှင်းပြတယ်။
မူးယစ်ဆေးရှာတဲ့ခွေး အနေနဲ့  နိုင်ငံတော်ကိုပေးလိုက်မလားလို့ မေးတာတဲ့။
သူတို့ ဟာရာထူးလည်း ရတယ် ၊ အစားလည်း ရာရှင်နဲ့ ကောင်းကောင်းရတယ်။
သေချာလည်း သင်ကြားခံရတယ်တဲ့ ။ဒီလိုခွေးမျိုးတွေဟာအသိဉာဏ် မြင့်လို့  မူးယစ်ဆေးရှာတဲ့နေရာမှာအရမ်းအသုံးကျတယ်တဲ့။
အများကြီးလည်းမထားပဲ သေချာလက်သပ်မွေးထားတာမို့ 
ပေးမလားဆိုတော့ ၊ သူမတို့ ကလည်း ခွဲထားရတော့မှာ မထူးဘူးလေ ဆိုပြီး ပေးမယ်ပေါ့။
သူတို့ သင်တန်းမှာ သင်လို့ ရမရအရင်စစ်သေးတယ်လေ ။
ထူးခြားတာက ဘော်ဘီဟာ သူမတို့ ဘယ်လို မှမတတ်နိုင်လို့ ထားခဲ့ရမှာကို
သိသလိုပဲ ပြဿနာလုံးဝမရှာတာပဲ။
တစ်ပတ်လောက် အင်းစိန်ဘက်က အဲဒီ တပ်မှာထားခဲ့ပြီး တော့ အိုကေတယ်ဆိုမှ ပေးလိုက်ပါတယ်။
သူမ သွားနုတ်ဆက်တော့ ဘော်ဘီ့ကို သင်ပေးမယ့် အထိန်းတပ်ကြပ်ကြီး နဲတွေ့ တယ်လေ ။
ဘော်ဘီဟာသူမကို စိုက်ကြည့်နေပုံက စိတ်မပူနဲ့  အိုကေတယ်ဆိုသလိုပဲ။
အမြီးလုပ်ပြ လျှာတွဲလဲနဲ့ လေ။သူမတိုြ့ပန်လာမယ်ဆိုရင်တော့ပြန်ယူလို့ မရတော့ဘူး ။
ဘော်ဘီက နိုင်ငံ့ဝန်ထမ်းဖြစ်သွားပြီတဲ့ ။
အသက်ပြည့်လို့ ပင်စင်ပေးမှ ပြန်ယူချင်ယူတဲ့။
မယူလည်း စောင့်ရှောက်ထားတာပဲလေ။
ဒီလိုနဲ့ မျက်စိတစ်ဆုံးလိုက်ကြည့်နေတဲ့ဘော်ဘီကို ထားခဲ့ရတော့တယ်။

--------------------------------------------------------------

သုံးရစ်ဘော်ဘီ

ဒီလိုနဲ့ နိုင်ငံခြားမှာ နှစ်တွေကြာပြီး သူမ ဆယ်ကျော်သက်အရွယ်မှာ မြန်မာနိုင်ငံတစ်ခေါက်ပြန်ခဲ့တယ်။
ဘော်ဘီ့ အကြောင်းစုံစမ်းတော့ ဒီနာမည်နဲ့  စစ်ခွေးမရှိဘူးတဲ့ ရယ်။
စိတ်တွေညစ်လို့ ဖေဖေက သူ့ မိတ်ဆွေကနေ စုံစမ်းမှ ဘော်ဘီ ရှိတဲ့ နေရာကိုသိရတယ်လေ။
နာမည်ပြောင်းထားတာတဲ့ “မေရီ“တဲ့ ၊ အလဲ့။
ဘော်ဘီက မူးယစ်ဆေးရှာတာမှာ စွမ်းစွမ်းတမန်စွမ်းဆောင်နိုင်လို့ 
ရာထူးတက်တက်သွားတာ အခုတပ်ကြပ်ကြီး တဲ့။
တပ်ကြပ်ကြီး မေရီပေါ့လေ။
ထူးခြားချက်ကတော့ ထုံးစံအတိုင်းဘယ်ခွေးထီးမှ အနားကပ်မရတဲ့ အပျိုကြီးတဲ့ ။

နှစ်တွေဘယ်လိုကြာပေမယ့် “ မေရီ“ ခေါ်ဘော်ဘီ ဟာသူမကိုမှတ်မိတာပဲ။
သူမဟာဘော်ဘီလို့ ပဲခေါ်ပါတယ်။
ချက်ခြင်း နားရွက်ကြီးထောင်တက်သွားလိုက်တာတွေ့ တော့ ခွေးများအင်မတန်
သစ္စာရှိတယ် ဆိုတဲ့စကားကို ၁၀၀ ရာနှုန်းထောက်ခံမိတော့တယ်။

ခပ်မတ်မတ်ရပ်နေရာက ဘော်ဘီလို့ ခေါ်သံကြားတော့ပြေးလာ ခုန်တက်လိုက်တာ
သူမမှာ လည်းဝမ်းသာမျက်ရည်တွေ ရွှဲလို့ ရယ်။
ဂုဏ်ယူပါတယ်ဘော်ဘီ။


---------------------------------------------------------------------


အခုတော့ဘော်ဘီ ဆုံးရှာပါပြီ။
အသက် ၁၀ နှစ်ကျော် မှာ တပ်ထဲမှာပဲ နေမကောင်းလို့ ဆုံးပါတယ်။
သူ့ ကိုပင်စင်ပေးရင်ပြန်မွေးမလို့ စောင့်နေပေမယ့် ဆုံးပါးသွားတော့
သူမတို့ ပြန်မမွေးလိုက်ရတော့ဘူးပေါ့လေ။
ဒါပေမယ့် သူမဘဝမှာ အချစ်ဆုံးခွေး နေရာမှာ အမြဲ ရှိနေပါတယ်။


။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


Labels: , edit post
19 Responses
  1. တကယ်တော်တဲ့ ဘော်ဘီပဲ...
    တကယ်တော်တဲ့ ဗျစ်ကလေးပဲ..
    စာအရေးအသား တကယ်တော်လာတယ်..
    မျက်စိထဲတောင် မြင်ယောင်မိတယ်..

    “ခပ်မတ်မတ်ရပ်နေရာက ဘော်ဘီလို့ ခေါ်သံကြားတော့ပြေးလာ ခုန်တက်လိုက်တာ
    သူမမှာ လည်းဝမ်းသာမျက်ရည်တွေ ရွှဲလို့ ရယ်။”
    စိတ်ထဲမှာ ကိုယ်တောင် သူ့ ကို ဖက်လိုက်မိသလားပဲ..

    ဘလက်ကီနဲ့  ဘော်ဘီလည်း ကျေနပ်စရာပဲ..
    ချစ်တတ်တဲ့ သခင်တွေ ရခဲ့လို့ ..
    ဗျစ်ကလေးလည်း ကျေနပ်စရာပဲ..
    တကယ်ချစ်ဖို့ ကောင်းတဲ့ ၂ ကောင်ကို ပိုင်ဆိုင်ခဲ့လို့ ..

    ကိုယ်တို့လည်း ကျေနပ်စရာပဲ..
    ဒီလောက်ချစ်ဖို့ ကောင်းတဲ့ အကြောင်းတွေနဲ့ 
    ဗျစ်ကလေးကို ပိုင်ဆိုင်ကြလို့ ..


  2. Vista Says:

    ကျေးဇူး ညည အာဘွား ..အခါ ၁၀၀ နော်။


  3. thandar kyaw Says:

    ဗစ်....ညီး တော်အေ...ဘော်ဘီအကြောင်းဖတ်ပြီး မျက်ရည်တောင်ဝဲတယ်.... ညည်းပေးခိုင်းတဲ့ အာဝါးကိုဘော်ဘီသာရှိရင် ဂုတ်ပဲခဲခဲ သွားပေးဦးမှာ..ခုတော့ သူကတမလွန်မှာ....ဟင့်....ဘာပဲဖြစ်ဖြစ် ဘော်ဘီအစား ကျုပ်တို့ကို ဂျူနီယာဗစ် မွေးပေး...ဒါဗြဲ
    ပုံ....ကလေးချစ်တတ်သူ အပျိုဂျီး ပန်းစကား


  4. ဘော်ဘီကြီးက ချစ်စရာကောင်းလိုက်တာ ညီမရယ်။
    အမလဲ အမသားလေး Ru ကို ထားခဲ့ရတာမို့ သူတို့လေးတွေနဲ့ ခွဲခွာရတဲ့ ခံစားမှုကို ခါးခါးသီးသီး မှတ်မိနေတယ်။
    အမ ဘ၀မှာ အပိုင်ချင်ဆုံး ခွေး အမျိုးအစားက German Shepherd ( အယ်လဇေးရှင်း) အဲဒီ အမျိုးအစားပါပဲ။ အရမ်းချစ်တယ်။ သူတို့လှုပ်နေတဲ့ ဗိုက်ကြီးပေါ်မှာ ခေါင်းတင်ပြီး စာဖတ်ချင်တယ်။


  5. juli Says:

    ဗျစ်စ် ဖတ်လို့ကောင်းတယ်..
    ငယ်ဘဝအတွေ့အကြုံလေးတွေ ရေးဦး..

    ဒီပို့စ်မှာတော့ ကိုကိုမပါဘူးပဲ..ဟိ


  6. Vista Says:

    သစ် - ဒီဂျူနီယာဗစ်ပဲတောင်းနေ..ဟွန်း
    မမိုးချို - ဟုတ်တယ်မမ သူတို့ နဲ့ ခွဲရတဲ့ ခံစားချက်က ဘာနဲ့ မှမတူတာနော်
    German Shepherd မွေးလေ အခုအိမ်မှာ၊ ကြောင်တွေတော့ရှိတယ်မလား။
    မျိုး - စာလုံးပေါင်းစစ်ပါဆို ကိုကိုပဲရှာနေတယ်။


  7. ShwunMi- Says:

    ခွေးကြောက်လို့ ရဲရဲမဖတ်ရဲဘူး..
    သေသွားတော့ ခွေးပိုင်ရှင်ကိုသနားသွားတယ်။


  8. AMK Says:

    ဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်ဗျာ ကျွန်တော်တို့ အိမ်မှာလဲ ဒိုဘာမင်ကြီး ရှိခဲ့ ဘူးတယ် တအိမ်လုံး သူ့ ခြေရာကြီးပဲ အဝေးရောက်နေတာတောင် သူ့ ဆုံးသွားတော့ မျက်ရည်ကျ၇ပါတယ်


  9. ခွေးတပ်ကြပ်ကြီးဆိုတာ အခုမှ ကြားဖူးတယ်... ဒီထက်ရာထူးကြီးရင် ခွေးဗိုလ်ချုပ်ကြီး..ခွေးဗိုလ်မှူးကြီးတွေများ ဖြစ်လာမလား မသိ...

    ဘာပဲဖြစ်ဖြစ် တာဝန်ကျေပါတယ် ရဲမေ..
    ယနေ့မှ စ၍ သင်သွားလိုရာ သွားနိုင်သည်...


  10. Zephyr Says:

    ကိုယ်တိုင်လည်း ခွေးချစ်တတ်လို့ ပို့စ် သုံးခုစလုံးဖတ်သွားပါတယ်။
    ယုန်တွေလည်းမွေးထားတယ်ဆိုလို့ ဖတ်ရင်းပြုံးမိပါတယ်။ ကျွန်တော်လည်း ငယ်တုန်းက ယုန်တွေမွေးထားဖူးပါတယ်။ ခြင်ဆေးခွေနံ့ရှူရင်းမူးလဲသွားတတ်တာ မှတ်မိပါတယ်။ ယုန်တွေ အရမ်းကြောက်တတ်တာပြန်မှတ်မိသွားပါတယ်။
    ဘော်ဘီလို ခွေးတစ်ကောင်လောက် မွေးဖို့စိတ်ကူးပါဦးမယ်။

    အိမ်မှာ မွေးထားတဲ့ ခွေးမလေး ဆုံးသွားတုန်းကတော့ အမျိုးတွေသေတာထက်တောင် ၀မ်းနည်းခဲ့ပါသေးတယ်။ အခုလည်း အိမ်မှာကျန်ခဲ့တဲ့ ခွေးနှစ်ကောင်ကို ဖုန်းဆက်တိုင်းမေးနေရတုန်းပါပဲ။

    ပို့စ်တွေအတွက် ကျေးဇူးတင်ပါတယ်။

    Zephyr


  11. Vista Says:

    ကို Zephyr ကွန်မန့် အတွက်ကျေးဇူးပါနော်။
    ကျနော်လည်း အဲလိုပဲ မွေးထားတဲ့ အကောင်လေးတွေ ဆုံးသွားရင် အရမ်းစိတ်ထိခိုက်တတ်တယ်။
    ယုန်လေးတွေကတော့ အကြောက်လွန်သလားမမေးနဲ့ နော် ၊ ကျနော့်မှာ ၁၀ ကောင်မကဘူးရှိခဲ့တာ ၊ အကုန်သေတာပဲ။


  12. ချစ်ဗစ်
    ခုမှအစအဆုံးတခါထဲဖတ်လိုက်တယ်
    နောက်ကျမှဖတ်လို့ဆော်ရီး
    ခွေးကြောက်တဲ့သူတောင် မွေးချင်စိတ်ပေါက်သွားရေးတဲ့ ချစ်ဗစ်
    ခုနေအဲလိုခွေးတစ်ကောင်လောက်လိုချင်လာတယ် တကယ်
    ငယ်ငယ်ကတော့ ငါး ကြက်ပေါက်စကလေး ကြက်တူရွေးရယ်မွေးဖူးတယ်
    ယုန်ကတော့မွေးမလို့ကို အိမ်ကမမွေးရဘူးတဲ့
    လိပ်မွေးမယ်ဆိုတော့လဲ ကန့်ကွက်ပြန်ရော
    ခွေးကိုတော့ကြောက်တာ
    ကြောင်ကိုတော့ တွေ့တဲ့အိမ်ကအတင်းဆွဲအတင်းမုန့်ကျွေး တအားကြမ်းလို့ ကြောင်တွေကတွေ့တာနဲ့ထွက်ပြေးပါရောလား ဟီးးး
    နောက်ပိုင်း မွေးပြီးသံယောဇဉ်ဖြစ်ခွဲရတာတွေမခံစားနိုင်လို့ မမွေးတော့ဘူး
    သိပ်လဲသံယောဇဉ်မထားတော့ဘူး ဘာမှလည်းမမွေးတော့ဘူး
    ဘာပဲပြောပြော ဖတ်ပြီးတော့ ခွေးမွေးချင်သွားတယ် ထောအကောင်ငယ်ငယ်လေးတွေသတိရသွားတယ်


  13. ပို့စ်သုံးပုဒ်စလုံး ဖတ်သွားတယ်။ အရင်က မွေးခဲ့ဘူးတဲ့ ခွေးလေးတွေကို အရမ်း လွမ်းသွားတယ်။ Vista ကလည်း အရေး အသားကောင်းကိုး။ ဖတ်လိုက်ရတာ ရသကိုစုံလို့။ သူတို့ နဲ့ ရင်းနှီးအောင် လုပ်ရတာကအစ၊ ရွှေကြာနဲ့ တိုက်ပွဲ၊ တပ်ကြပ်ကြီး ဘော်ဘီက မှတ်မိလို့ မျက်ရည်တောင် လည်မိတယ်။ စက်ဘီးပေါ် တင်စီးတယ်ဆိုလို့ ရယ်မိသေးတယ်။ အိမ်ကကောင်က ဘတ်စကားပေါ် အထိပါ အတင်း လိုက်တက်လာတာလေ။ မှတ်တိုင်လည်း ရောက်ရော စပယ်ယာက အော်လိုက်တာ “လူရော ခွေးပါ ဆင်းမယ် ခင်ဗျ “ တဲ့ ....

    မချို


  14. mae Says:

    မျက်ရည်ကျသွားတယ်..

    တို့ခွေးက Connie တဲ့၊ ကလေး၂ ယောက်အမေ.. ခုတော့ ဆုံးသွားပါပြီ


  15. ညီမလေး Vista...

    အခုမှာ လာဖတ်မိတာ... ဖတ်ပြီး မျက်ရည်ကျမိတယ်...
    အမရဲ့ ခွေးလေးက ဝိုင်းဝိုင်း တဲ့ တယ်ရီယာ အဖြူရောင် အမလေး...
    တအိပ်ရာထဲ အတူတူ အိပ်ပြီး စားအတူ သွားအတူနဲ့ နေခဲ့တာ ၆ နှစ်...
    အမ ဒီကိုထွက်လာတော့ သူ ကျန်ခဲ့တယ်လေ...
    ကိုယ်မှ ခေါ်လာလို့ မရတာ... နောက် ၂ နှစ်မှာ ဆုံးသွားတယ်...
    တလလောက် ဒီမှာ ငိုနေရတယ်...
    နောက်ပိုင်းမှာ ဘာဆို ဘာမှ မမွေးချင်တော့ဘူး။
    သံယောဇဉ်တွေကို ကြောက်သွားလို့...

    ညီမရေးထားတာ သိပ်ကောင်းတာပဲ....
    အဟောင်းတွေ အသစ်ဖြစ်ရတယ်ဆိုပေမယ့် ကိုယ့်လိုလူတွေ အများကြီးပါလား လို့ အားရှိသွားတာကြောင့် ညီမပိုစ့်လေးအတွက် ကျေးဇူးတင်ပါတယ်...။


  16. Vista Says:

    လူရော ခွေးပါ ဆင်းမယ်တဲ့ လားမချိုရယ်။
    မေ ..ငိုနဲ့  .. တို့ လည်းစဉ်းစားတိုင်းလွမ်းတုံးပဲ။
    မသက်ဝေ ..ကျနော်လည်းအားတက်တယ် ကိုယ့်လိုလူတွေအများကြီးဆိုတာသိရလို့ ။


  17. Unknown Says:

    ဖတ်ရင်း စိတ်မကောင်းဘူး ငိုချင်တယ်
    ဒါပေမယ့် သိပ်သစ္စာရှိလွန်းတော့ အနေခက်တယ်


  18. Rita Says:

    မဖတ်သွားဘူး။
    ခွေးဆိုရင်တော့ ပုံထဲကလို ခန့်ခန့်ညားညားခွေးကို ကြိုက်တယ်။


  19. Vista Says:

    ပုံတွေက ကိုယ့်ဘော်ဘီ၊ ဘလက်ကီ နဲ့ ချွတ်စွပ်တူတာရှာထားတာပါ ရီတာ...ခွေးတောင်ခန့် ခန့် ညားညားမှတဲ့  ..ချီဟွားဟွားလေး လက်ဆောင်ပေးအုံးမှပါ..ဟိဟိ