Vista
လွန်ခဲ့သောနှစ်တော်တော်များများက တစ်ခုသောခြံကြီးထဲရှိ
တစ်ခုသောအိမ်ကြီးအတွင်း၌
ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ဂစ်တာတီးပြနေခဲ့သည်။
ကောင်လေး ( ကောင်မလေးထက်နည်းနည်းကြီး )က ရှပ်အကျီအသားရောင် နှင့် ၊
ကောင်မလေး (ကောင်လေးထက် နည်းနည်းငယ် )က တီရှပ်ဘုတ်ဘွကြီး ဝတ်ခါ ၊ ဆံပင်တိုတိုလေးကိုကြက်တောင်စီးနှစ်ဘက် ချည်လို့ ။
ကောင်လေးက ဆိုဖာပေါ်မှာထိုင်နေပြီး ဂစ်တာကိုသူ၏ရှည်သွယ်သောလက်ချောင်းလေးများဖြင့်ကျွမ်းကျင်စွာတီးခတ်နေခဲ့သည်။
ကောင်မလေးက ကြမ်းပြင်ပေါ်မှာ ထိုင်နေပြီး ကောင်လေး၏လက်ချောင်းလေးများကို အထင်ကြီးအားကျစွာငေးမောကြည့်ရင်းနားထောင်နေခဲ့သည်။
သီချင်းက တစ်ပိုဒ်ထည်းပဲတီးခဲ့တာဖြစ်သည်။
နည်းနည်းလေးပဲလည်းဆိုညည်းခဲ့သည်။
တစ်ပိုဒ်ဆုံးတော့ကောင်လေးကကောင်မလေးကိုမေးသည် ။

“ အခုငါတီးတာဘာသီချင်းလည်းသိလား “
ကောင်မလေးမှာဖြေစရာမရှိ ။

သီချင်းကိုကြားဖူးသည် ခေါင်းစဉ်မသိ ၊
ထို့ ကြောင့်မျက်လုံးဝိုင်းလေးနှင့်ခေါင်းယမ်းပြလိုက်သည်။
ကောင်လေးက တိုးတိုးလေး ပြောသည် ။

“ -- -- ---- --- “

ထို့ နောက်ဂစ်တာကို ဆိုဖာမှာမှီထားရင်းထထွက်သွားခဲ့သည်။
ကောင်မလေးက ကောင်လေးဘာပြောသွားလည်းသေချာမကြားလိုက်ပါ ။
သီချင်းနာမည်ကိုလည်းမသိလိုက် ။ကောင်လေးကို ပြန်မေးဖို့ လည်းမဝံ့မရဲဖြစ်နေသည်။
သူတီးပြတဲ့သီချင်းကိုလည်းမသိ ၊ ပြောသွားတာကိုလည်း မကြားလို့ ထပ်မေးဆိုရင်
တော်တော်ဆိုးတော့မည် မို ၊့အသာလေးနေလိုက်ရတော့သည်။

အဲဒီနောက် အဲဒီအဖြစ်အပျက်လေးကမေ့လိုက်ပေါ်လာလိုက်နှင့် တစ်ခြားသောအကြောင်းအရာများနှင့်ရောထွေးပြီး မေ့လျှော့သွားတော့သည်။
အဲဒီအကြောင်းစဉ်းစားမိရင်လည်းသီချင်းနာမည်ကပေါ်မလာပေ။
ကောင်လေးကိုမေးဖို့ လည်းမရဲဖြစ်နေခဲ့သည် ။

....
....
....

ဒီလိုနဲ့ နှစ်တွေတော်တော်ကြာပြီး နောက် ၊ တစ်ခုသော ညနေခင်းမှာ
အမျိုးသားလေး (အရင်တုံးကကောင်လေး )က Youtube မှသူနှစ်သက်သောသီချင်းများကို နားထောင်နေခိုက် ၊ အမျိုးသမီးလေး ( အရင်တုံးက ကောင်မလေး ) ရဲ့ နားထဲမှာ ဟိုစဉ်က ကြားခဲ့ဖူးသောတီးလုံးလေးကို မှတ်မိသွားသလိုလိုရှိသည်မို့ အရဲစွန့် ပြီး ...

“ ကိုကို xxxxx တုံးက အငယ်လေးကို ဆိုပြတာ ဘာသီချင်းလည်း အင် ..“

“ Mr.Big ရဲ့ To be with you လေ ....အခုဆိုပြမယ် “

ဟုဆိုကာ အစအဆုံးဆိုပြလေတော့သတည်း။

(စာသားနှင့်သီချင်းကိုအောက်တွင်နားဆင်ပါ၊ ၁း၅၃ မိနစ်တွင်စ၍ ၂း၁၅ အထိတီးသော တီးလုံးလေးကို တီးပြခဲ့ခြင်းဖြစ်ပါသည် )





Mr. Big - To Be With You


Hold on little girl
Show me what he's done to you
Stand up little girl
A broken heart can't be that bad
When it's through, it's through
Fate will twist the both of you
So come on baby come on over
Let me be the one to show you

I'm the one who wants to be with you
Deep inside I hope you feel it too
Waited on a line of greens and blues
Just to be the next to be with you

Build up your confidence
So you can be on top for once
wake up who cares about
Little boys that talk too much
I've seen it all go down
Your game of love was all rained out
So come on baby, come on over
Let me be the one to hold you

Chorus

Why be alone when we can be together baby
You can make my life worthwhile
And I can make you start to smile

When it's through, it's through
Fate will twist the both of you
So come on baby come on over
Let me be the one to show you


10 Responses
  1. ဘိုးတော်ဘုရား=ဗျစ်..
    ပေါ်ဦး=ဗျစ်ကိုကို...
    ဆား=တူဘီဝသ်ယူ..
    လိပ်ဥ=မစ္စတာဘစ်


  2. တီးနေတဲ့အချိန်မှာ ကောင်မလေးကဘာလုပ်နေသနည်းးးးးးးးးး
    ဥပမာ- ဘီလိုနားထောင်နေသနည်း (မီးမီးမသိရို့ ) အဲနေ့က ဘွန်လေးကောင်းကင်ယံမှာ ရဟတ်ယာဉ်တွေတော့ တွေ့လိုက်မိသားးးး


  3. Vista Says:

    လူးလိမ့်ရယ် ..မြေကြီးကိုလက်နဲ့ ပုတ်ပြီးရယ် ...


  4. juli Says:

    myo: အား ဗျစ်စ် တကယ့်ရိုမန်တစ်ပဲ
    Vista: ရိုမန် မတစ်ဘူးး အဲတုံးက ချွေးပြန်နေတာ .. ဆဲ ခံရမစိုးလို ဟေ့
    myo: နောက်ဆုံးကျတော့ ကောင်လေးက ကောင်မလေးကိုပြောတာ
    To b with you
    myo: ဘာလို့ဆဲမတုန်း ဒီလောက်ရိုမန်တစ်တာကို
    Vista: မနေ့ ညက မှသိတာ အဲသီချင်းဆိုတာ ..shhh .. မသိစေနဲ့ 
    myo: ဟမ် တော်တော်ဆိုး
    Vista: အဲဒါ တစ်ကယ့် ဟာကိုရေးထားတာ သူလာမဖတ်ဘူး ထင်ပါတယ် ဟိ
    myo: အော် မနေ့ကမှ တိးပြတာပေါ့
    nn: so lovelyyyy...
    myo: ဟင် ညံ့လိုက်တဲ့ဗျစ် ဒါလေးများ သူတီးပြတုန်းက ထွဏ်းထွဏ်းရဲ့ အချစ်ရူးသီချင်းလို့ပြောလိုက်ပြီးရော
    Vista: အဲ ဒါကိုလည်း မသိတာမျိုး ရ ကြားဖူးတာပဲ ရိတယ်


  5. ThuHninSee Says:

    တယ်ခက်တဲ့ ကောင်မလေးပဲနော်
    ဒီလောက် ချစ်စရာကောင်းတဲ့သီချင်းလေးကို..
း)



  6. ချစ်ဗစ် သီချင်းနာမည်မသိတာ ထပ်မေးတာမဟုတ်ဘူး :) အဲ့သီချင်းလေးကြိုက်တယ် ...... သီချင်းဆိုပြမယ့်သူရှိရင်ကောင်းမယ် နားထောင်ချင်လို့ :)


  7. Unknown Says:

    ခုချိန်ဆို အဘိုးအဘွားအရွယ်ပေါ့နော့
    ဒါဆို အသံတုန်တုန်နဲ့  တူးဘီ ၀က်စတူးဆိုပြီး ဆိုနေမလားပဲ အဟိ

    တို့ တော့ အဆောင်နေတုန်းက သီချင်းဆိုတာကြားဖူးတာပဲရှိတယ် သနားဖို့ ကောင်းလိုက်တဲ့ ဘဝ


  8. ညီမ Vista... မွေးနေ့ ဆုတောင်းအတွက် ကျေးဇူးတင်ကြောင်းပြောရင်း လာလည်ပါတယ်..း))


  9. mae Says:

    ဘဏ်လေး အားကျနေတာ ဝန်မခံဘူး.. ဟဟ