Vista

ကျုံးရှေ့ 

မန္တလေးတောင် နဲ့ ကျုံး


မန္တလေးတောင်
(ပုံ ၃ပုံ စလုံးကို တစ်နေရာထည်းကရပ်ပြီး ရိုက်ထားတာ )


(ဒီပုံကတော့ဟိုတယ် ပေါ်ကရိုက်တာ တကယ့်မြင်ကွင်းကောင်းတဲ့နေရာ )

ကျနော်မန္တလေးကို တစ်ခါမှ မရောက်ဖူးဘူး ၊ ကပ်ကပ်ပြီးကျော်သွားတယ် ။
ဒီတစ်ခါမြန်မာပြည်ပြန်ရောက်တော့ သွားကြမယ်ဆို သွားဖြစ်လိုက်တာ။
ရထားစီးသွားတယ် ရန်ကုန်မန္တလေး ဒဂုံမန်း အမြန်ရထား ၊ အိပ်စင်နဲ့ ။ အိပ်စင် ၄ စင်လုံးဝယ်လိုက်တာ ၊သူများတွေနဲ့ ရောနေရင်အားနာနေရမှာစိုး လို့ ၊
ကိုယ့်ဘာကိုယ် လွတ်လွတ်လပ်လပ် ဓါတ်ပုံရိုက်ချင်တာကိုး။
တစ်လမ်းလုံးလည်း ရိုက်လာတာ ဓါတ်ပုံတွေ မရေနိုင်ဘူး။
ရထားမစီးရတာ အရမ်းကြာနေပြီဆိုတော့ ပျော်သလားမမေးနဲ့ ၊
တမင်ကိုစီးချင်လို့ ကားတွေ၊ လေယာဉ်တွေ မစီးတာ။
ဖုန်တွေကတော့ထူတာပေါ့ ၊လူလည်း ဖုန်တွေကပ်ပြီးမည်းတူးနေတာ၊
ပြုတင်းပေါက်နားကပ်ကပ်ပြီး ဓါတ်ပုံရိုက်နေတာကိုး။

မန္တလေးရောက်တော့လည်း အမျိုးတွေကလာကြို မယ်
ရောက်မယ့်နေ့ ကို ဖုန်းဆက်ဆိုတာမဆက်ပါဘူး။
ဒုက္ခမပေးချင်ဘူးလေ ၊ကိုယ်က အပျော်ခရီးလာတာ သူများတွေ အလုပ်ပျက် အကိုင်ပျက်လာကြိုရ ၊ အိမ်မှာတည်းရ၊ ဧည့်ခံရမယ်ဆို မကောင်းဘူး ၊
အားနာတယ်ဆိုပြီး ဟိုတယ်မှာနေမယ်ပေါ့
Check in ပြီးမှဖုန်းဆက်ရင် သူတို့ လည်း အတင်းမဆွဲနိုင်တော့ဘူးလေ
( အပြစ်တော့တင်ခံရတယ် အဆိုးလေးတွေဆိုပြီး )။
ကိုယ့်ဖာသာကို အငှားကားငှားပီးတော့ ဘယ်ဟိုတယ်ရှုခင်းကောင်းလည်းမေးတယ်။
ကျုံးရှေ့ ဆို Swan ဟိုတယ်တဲ့ ၊
မန္တလေးတောင်ခြေဆိုတော့ Novotel တဲ့၊
ကျုံးရော မန္တလေးတောင်ရော မြင်ရတာက Sedona Mandalay တဲ့ ။
ဒီလိုနဲ့  Sedona ရောက်သွားတယ်။
တစ်လမ်းလုံး ပင်ပန်းသမျှပျောက်တာပဲ ၊ တစ်ကယ့် ကို hospitality ကောင်းပါတယ်။
ညစာကို ဟိုတယ်မှာပဲစားတယ် မှီယုံလေးပဲ Restaurant မပိတ်ခင်လေး ၊
ငါးရှဥ့်ခြောက်စပ် ၊ ယိုးဒယားသင်္ဘောသီးထောင်း နဲ့ ။
ဓါတ်ပုံလား မပါဘူး ဗိုက်ဆာလို့ စားလိုက်တာ သတိတောင်မရဘူး ဟက်ဟက်။

မန္တလေးဆောင်းအေးချက်ကတော့ အရမ်းပဲ။ အခန်းထဲမှာကို စွတ်အေးနေတာ။
အဲကွန်းပိတ်ထားလည်း လေမရလို့  ၊ အအေးလျှော့လည်းမထူးဘူး ၊
အပြင်ကကိုပို အေးနေတာဆိုတော့။
ရောက်ရောက်ချင်းညက ညစာစားပြီး အပြင်ထွက်လမ်းလျှောက် တယ်။
ညကြီးကိုကျုံးဘေးမှာ လေ့ကျင့်ခန်းလာလုပ်သူတွေ တော်တော့်ကိုများတာပဲ။
ယောကျာ်းလေး၊ မိန်းကလေး ၊လူကြီး ၊ လူသေး အစုံပဲ။



ဆက်ရန်





Labels: , edit post
12 Responses
  1. Amazing views. I do enjoy. thanks


  2. thandar kyaw Says:

    လူကြီး လူငယ်ပဲ ကြားဘူးတယ် ဗစ်ကျမှ လူသေးတဲ့ ...ဟိ


  3. juli Says:

    ဒါ့ပုံတွေကတော့ တကယ်လှတာဗျစ်စ်..
    အဌားကားဌားပြီးတော့ နဲ့ လူသေးပဲ...ဟိဟိ


  4. Unknown Says:

    ကိုယ်နဲ့  ရင်းနှီင်္းကျွမ်းဝင်ခဲ့တဲ့ နေရာတခု
    အဲ့ဒီအချိန်တုန်းကတော့ ကျောင်းတဖက် ကလေးတွေတဖက်ဆိုသလိုပဲ
    အလှအပ ခံစားချိန်မရှိ ရာသီဥတုကို အံတုပြီး ရုန်းကန်ခဲ့ရတဲ့ ဘ၀ကို
    ဒီပုံလေးတွေမြင်မှ ဒီလိုမြင်ကွင်းမျိုးကို မခံစားခဲ့မိတာကို လွမ်းမိသလိုလို ခုပြန်စဉ်းစားရင် ဘ၀မှာ ပျော်စရာဆိုတာ ရှိခဲ့ဖူးလားလို့  သံသယတောင်ဝင်မိတယ်
    ကတ်ပချီနိုတခွက် ချိစ်ကိတ်တခုနဲ့ ဆီဒိုးနားက ကော်ဖီတခွက်ကိုလည်း သတိယမိပါရဲ့ 
    မန္တလေးတောင်ပေါ်ကနေ မြင်ရတဲ့ လယ်ကွင်းစိမ်း၂တွေနဲ့  နီး၂လေးရှိနေပါရဲ့ တစိမ်းတယောက်လို ဖြစ်နေတဲ့ သူတယောက်ကိုလည်း ခပ်စိမ်း၂လေး သတိယမိပါရဲ့ 
    နွေရာသီဆို ပူလွန်းလို့  နေစရာနေရာမရှိသလိုခံစားမိတဲ့အတွက် ဆောင်းရောက်ရင် စောင်ပါးလေးကို ပေကပ်ခြုံပြီး အအေးဒဏ်ကို အရွဲ့ တိုက်တဲ့ ကိုယ့်စိတ်ကိုလည်း လွမ်းမိတယ်
    ဆောင်းတွင်း မနက်အစောထ ရေချိုးရတိုင်း ကျောင်းပြီးရင် ချင်းပြည်မှာ ကျောင်းဆရာမသွားလုပ်မယ်လို့  အကြိမ်၂ပြောမိတဲ့ ကိုယ့်ကိုယ်ကိုလည်း သတိယမိနေသေးတယ်
    စပယ်ပန်းတွေပေါ်ချိန်တိုင်း အပွင့်ရေနဲ့ ရောင်းတဲ့ ဈေးသည်တွေဆီကနေ အပွင့် ၂၀၀ ၀ယ် ၁၀၀ ကို ဘုရားတင် ၁၀၀ ကို သီကုန်းပြီး ခြင်ထောင်ထဲမှာ ဆွဲချိတ်ပြီး အိပ်ရတဲ့ အရသာကိုလည်း လွမ်းမိပါရဲ့ 


  5. mae Says:

    ကျုံးပုံလေး လှလိုက်တာ၊
    တို့လဲ မန္တလေးသေချာမရောက်သေးဘူး၊ တရက်လောက်နေပြီး မေမြို့တန်းတက်တာ များတယ်၊ ရထားလဲ တခါမှ မစီးဖူးဘူး၊
    မနာလိုဖြစ်သွားပြီ၊ နောက်နှစ်မှ အိမ်ကို ၁လပြန်ဦးမယ်။ ဟွန်း


  6. Rita Says:

    ကိုယ် အညာသူပေမယ့် မန္တလေးကို familiar မဖြစ်ဘူး။ ခဏခဏရောက်တယ်။ ဒါပေမဲ့လည်း မသိဘူး။ မရင်းနှီးဘူး။
    အညာမှာမွေး၊ အောက်မှာကြီးပြီး ရန်ကုန်ကျမှ ကိုယ့်နေရာလို့ ထင်ခဲ့တယ်။ ခုတော့လည်း ဘယ်နေရာမှ ကိုယ့်နေရာလို့ မထင်တော့ပြန်ဘူး။


  7. This comment has been removed by the author.

  8. ဆီဒိုးနားက တည ၆၅၀၀၀ ဆိုတော့ ဈေးတော်တယ်နော်။ ကောင်းလိုက်တာ။ မန်းလေးရောက်ရင် အဲဒီမှာတဲရမယ်။ ရှူခင်းလဲကောင်းတယ်။


  9. :P Says:

    သိပ်လှတ်ယ်...ဗစ်...


  10. ဓာတ်ပုံလေးတယ် လှတယ်လို့ မချီးကျူးတော့ဘူးနော် အချစ် (မာမီကွန် ခေါ်သလိုပဲ ခေါ်လိုက်တော့မယ်) သူများတွေ ချီးကျူးထားလို့ ဟွင့်ဟွင့်

    ရှင်းပြပေးတာ ကျေးဇူးပါ
    ဒါနဲ့ စီဘောက်က ရေးလို့ရဘူးနော် ဘာလို့လဲ မသိဘူး regrister လုပ်ပါတဲ့ အင့် ဘီလိုလုပ်ရလဲ သိဘူးရယ် အီးးးဟီးးးးး ငိုပြီ ဗြဲဟဲဟဲဟဲ


  11. SHWE ZIN U Says:

    မန်းလေး ဘယ်တုန်းက ရောက်ခဲ့လည်း
    အမ တို့စီများဝင်ခဲ့ရောပေါ့နော်

    ခင်မင်စွာဖြင့်


  12. SHWE ZIN U Says:

    အရင်တုန်းက ကျုံး ကပိုလှတယ် သဘာဝ အုတ်ရိုးတွေ မပါဘူး