Vista
သနပ်ခါးအကြောင်းပြောသာပြောရတာ ကျနော်က သနပ်ခါးမလိမ်းတာများပါတယ်။
မျက်နှာပြောင်တိုက်တယ်ပဲဆိုဆို ငယ်ငယ်တည်းကဘာမှကိုမလိမ်းခြင်တာ။
ကျနော့်မေမေကတော့ သနပ်ခါးအရမ်းကြိုက်တယ် ဘာမိတ်ကပ်မှမကြိုက်ဘူး။
နိုင်ငံခြားမှာဆိုရင်တော့မဖြစ်လို့ မိတ်ကပ်လိမ်းရတာ သူ့ မှာ၊
မြန်မာပြည်မှာဆိုလို့ ကတော့ တစ်ကိုယ်လုံးသနပ်ခါးအပြည့်ပဲ ။
ငယ်ငယ်ကဆို ကျန်ာရေချိုးပြီးတာနဲ့ အတင်းခေါ်ပြီးလိမ်းပေးတာ ၊ လုံးဝမကြိုက်ဘူး ။
မျက်နှာမှာတင်းနေတာကို အရမ်းစိတ်ညစ်တယ် ။
နိုင်ငံခြားရောက်တော့ ဒီဒုက္ခကလွတ်သွားရော ၊သူလည်းမလိမ်းရတော့ဘူး ကောင်းလိုက်တာ ဟိဟိ။
ကျနော်ကမြန်မာပြည်မှာဆိုရင်တစ်ခါတစ်လေတော့သနပ်ခါးပွတ်လေ့ရှိပါတယ်၊
လိမ်းတာမဟုတ်ဘူးနော် ။ပွတ်တာ ၊အရိုးလေးကိုသွေးပြီးရေကျဲလေးပွတ်တာ ..
ကျနော်ကြိုက်တဲ့ သနပ်ခါးတုံးမျိုးကို ကျောက်ပွေးလို့ ခေါ်တယ်တဲ့ ..
အန်တီလေး(ဦးလေးငယ်မိန်းမ )ပြောပြတာပါ။
သူသနပ်ခါးလိမ်းထားတာများတွေ့ လိုက်ရင် ဖွေးနေတာ ..မေမေတို့ လိမ်းသလို ဝါဝါမဟုတ်ဘူး
ကျနော်ကလည်း အဲလို ဖြူဖွေးနေတာလေးကိုပဲကြိုက်တယ် ..ဝါဝါကြီးမကြိုက်ဘူး။
ဒါနဲ့ ပဲသူလာတော့မေးကြည့်တော့ အဲဒါကျောက်ပွေးခေါ်တယ်တဲ့ သွေးလိုက်ရင်အဖြူရောင်ထွက်တယ်ပေါ့လေ အရမ်းကြီးမမွှေးပဲသင်းတယ်တဲ့ ။
ဒါနဲ့ ပဲနောက်ဆို သနပ်ခါးဝယ်ရင်ကျောက်ပွေး လားကြည့်ဝယ်ဖြစ်တယ်။
ဒီတစ်ခေါက်စစ်ကိုင်းရောက်တော့ ကောင်းမှုတော်ဘုရားဝင်းထည်းမှာ သနပ်ခါးတွေရောင်းလို့ ဝယ်လာခဲ့တယ်
ကိုယ့်အတွက်တော့မထင်နဲ့  မေမေနဲ့ အန်တီတွေ အတွက်ပေါ့ ....
မွှေးတာမှသင်းနေတာပဲ ...မဝယ်ခင်စမ်းသွေးပြပြီးမှ ရောင်းတာလေ ..
လက်တွေမှာလည်း ဖြူနေတာ သူတို့ စမ်းလိုက်သုတ်ပေးလိုက်နဲ့ 
မွှေးကြည့်ရင်းနဲ့ နှာခေါင်းမှာလည်း ဖြူလို့ ပေါ့။
သနပ်ခါးကြိုက်သူများအတွက် စစ်ကိုင်း ကောင်းမှုတော်ဘုရားဈေးဆိုင်တန်းတွေကရှယ်သနပ်ခါးတွေ
အရှေ .ဆုံးတန်းက အရှည်တွေ အကုန်လုံးကျောက်ပွေးတွေပေါ့ ..မွှေးမှမွှေးပဲ ။
သနပ်ခါးတွေ အပုံလိုက် အစည်းလိုက် ဝယ်ခြင်စရာ
ကျောက်ပျဉ်နဲ့ သနပ်ခါးတုံးကိုလည်းကြည့်ပါအုံး နည်းနည်းနောနောမဟုတ်ဘူး ..သနပ်ခါးတုံးစမ်းနေတယ်မထင်လိုက်နဲ့ သူလိမ်းမလို့ သွေးနေတာဗျ သိလား ..
သွေးလည်းပြီးရောလိမ်းလိုက်တာ မိန်းကလေးတောင်ရှုံးမယ် ဟိဟိ..
မကောင်းတတ်လို့ လိမ်းနေတာမရိုက်လာခဲ့တော့ဘူး ။
Labels: edit post
7 Responses
  1. thandar kyaw Says:
    ဟိတ် ဘယ်သူ့ကိုသွားခိုးရိုက်တာလဲ ချစ်ဗစ်
  2. Unknown Says:
    အင်းဟုတ်တယ်။ ကောင်းမှုတော်မှာတော့ သနပ်ခါးက တကယ်ပေါတာ။ ခြောက်တန်းလောက်က ဓမ္မစကြာ အရွတ်ပြိုင်တုန်းက ရောက်ဖူးတာ။ အဲဒီတုန်းကလည်း အမေ့အတွက် ဆရာမတွေအတွက် သနပ်ခါးတွေ ၀ယ်သွားဖြစ်သေးတယ်။
  3. khin oo may Says:
    ခြေဖျားလေးတောင်ထောက်လို့ရယ်။
  4. မေ့သမီးလည်းသနပ်ခါးအရမ်းကြိုက်တယ်။ စင်္ကာပူလာတော့ မေမေက ကျောက်ပျဉ်အသေးနဲ့သနပ်ခါးတုံး ထည့်ပေးလိုက်တယ်။ ကျောင်းမတက်ရတဲ့နေ့ဆိုနေ့တိုင်းသွေးလိမ်းတယ်။ ရွှေပြည်နန်းတို့ဘာတို့ ကိုမကြိုက်ဘူး။ အိမ်လာလည်တဲ့သူငယ်ချင်းတွေက တ၀င်းတဲအတူနေတဲ့သူငယ်ချင်းတွေက အဲဒါဘာလဲလို့မေးရင်စိတ်ရှည်လက်ရှည်ပြန်ပြောပြရတာကိုလည်း ဂုဏ်ယူတယ်။ :P
  5. စစ်ကိုင်းမှာ သနပ်ခါး ရတာတော့သိတ်မသိဘူး။ ဒါပေမဲ့ ဗစ် က အသား ဖွေးတော့ ဘာ လိမ်းလိမ်း ကြည့်လို့ကောင်းမှာပါ။
  6. Unknown Says:
    သနပ်ခါးနံ့ ကို ကြိုက်၏ သွေးရမှာ အလွန်ပျင်း၏ လိမ်လိုက်ရင်လည်း အလွန်ရုပ်ဆိုး၏ ထို့ ကြောင့် သနပ်ခါးကို ကြိုက်သော်လည်း သိပ်မလိမ်းဖြစ် ခဏခဏ မာတာမိခင်ကျေးဇူးရှင်ဆူတာကိုခံရ၏
    ဒီရောက်သော် သွေးစရာမလို လိမ်းစရာမလို၍ အလွန်ဝမ်းသာနေသခိုက် မွေးသမိခင်မှ မွေးဖခင်ကြီးနှင့် ကျောက်ပျဉ်ရော သနပ်ခါးတုံးပါ ထည့်ပေးလိုက်၏ ညမအိမ်ခင် အတင်းလိမ်းခိုင်း၏ စဉ်းစားကြည့်ပါဗစ် နဂိုကမျှ ရုပ်ဆိုးပါတယ်ဆို မှန်တောင်မကြည့်ရဲတော့ဘူး
  7. juli Says:
    တို့လည်းသနပ်ခါးဆို ကျောက်ပွေးပဲကြိုက်တယ်.. သွေးရတာတော့ နည်းနည်းကြာတယ်.. အသားကျစ်တော့.. ဒါပေမဲ့ ပိုမွှေးသလိုပဲ..