Vista
မြန်မာပြည်ပြန်ရောက်တော့ မနက်ဆိုရင်ဈေးကိုမေမေ့ကိုလိုက်ပို့ ရတယ်၊
ဒါကအရင်ကတည်းကအမြဲ ကိုယ့်ဂျူတီလေ ..ကိုကိုကတော့ အဲဒီအချိန်အိပ်တုံး ...
ကိုယ်ကနိုးပီ.. အဲဒီတော့ကိုယ်ပဲလိုက်ရတာပေါ့ ဟိ..
အရင်ကတည်းက ဈေးပို့ ကားထဲ စာအုပ်တစ်အုပ်နဲ့ ထိုင်စောင့်နေကြ မားသားနောက်မလိုက်နိုင်ဘူး .သူဈေးဝယ်တာလိုက်ရတာ မလွယ်ကြော ဆိုင်တစ်ဆိုင်တွေ့ လည်းမဝယ်သေးဘူး၊
သူ့ ဆိုင်မဟုတ်သေးလို့ တဲ့ဆက်လျှောက်သေးတာ ၊ဒီဈေးပဲဒီပစ္စည်းပဲဝယ်ပါတော့လား ..မဝယ်ပေါင်
သူ့ ဆိုင်ရောက်မှဝယ်တာ..ဟူး တော်တော်မောတယ် ..
သူကလည်းကိုယ်တို့ လိုက်တာမကြိုက်ပါဘူး
ရှုပ်လို့ ကားထဲကပဲစောင့်နေတဲ့ ဟိဟိ..
အခုပြန်တော့အဲဒီ ဂျုတီဟောင်းကိုပြန်လည်ထမ်းဆောင်တယ်ပေါ့ ၊
ဒီတစ်ခေါက်တော့ မရောက်တာလည်းကြာတော့ ကားထဲမနေတော့ပဲ မားသားနောက်လိုက်
ဈေးခြင်းဆွဲရင်း ဓါတ်ပုံလေးတွေ ဖုန်းနဲ့ ရိုက်လာခဲ့တယ် ..အလွမ်းပြေကြည့်ချင်သူများအတွက်ပေါ့လေ...




ပန်းတွေနဲ့ ပန်းသည်မလေး


တို့ စရာတွေချည်းရောင်းတဲ့ဆိုင်လေ


ပန်းဖူးကလည်း ဒီကလိုမဟုတ်ဘူး ပိုစားကောင်းတယ်



လဖက်စားတဲ့ကြက်သွန်ဖြူဥတစ်လုံးလေးတွေ လှမှလှ




သရက်သီးစိုင်သီး နဲ့ ရှောက်ရွက် ၊သံပုရာသီး



အကြော်စုံ ..ပုံရိုက်ခြင်လို့ ဝယ်လာရတယ် ဟိဟိ



အစုံပလုံ အသီးအနှံတွေ

ဈေးဝယ်ပြီးအပြန်ကြတော့ မုန့် ဟင်းခါးဝယ်လာတယ် အိမ်မှာစားကြဖို့  ..
အဲဒါတော့မရိုက်လာခဲ့မိဘူး ဟိ.။လက်မအားတော့လို့ လေ..
14 Responses
  1. Vista Says:

    Cherry: မှိုဥလေးတွေလည်း စားချင်လိုက်တာ ဒီမှာ မှိုပွင့်ပဲရှိတာ
    Cherry: ငါးရံ့ ခြောက်ကလေး လတ်၂ဆတ်၂ ကင်စားလိုက်ရရင်ဖြင့် ရှလွတ်
    Cherry: ကြက်သွန်ဖြူကိုင်ထားတဲ့ လက်ကလေးကလည်း လှလိုက်တာ နူးညံ့လိုက်တာ ကိုက်ချင်လိုက်တာ
    28 Dec 09, 01:15 PM
    Cherry: ပန်းလေးတွေ လှလိုက်တာ


  2. NangNyi Says:

    ဖုန်းကင်မရာတဲ့လား.. မိုက်တယ်ဗျ.. မဆိုးပါဘူး..


  3. juli Says:

    ပုံတွေကြည့်သွားတယ်.. ဟိဟိ သားရည်ကျစရာမပါသေးဘူး
    "သပုံရာသီး" မမြင်ဖူးဘူး ဘယ်ဟာလဲ ..:P


  4. Vista Says:

    မရှိတော့ဘူး ပြင်လိုက်ပီ ဟိ


  5. တကယ်စားလို့ရတာကျတော့ ရိုက်မလာဘူး...

းဝ)


  6. သရက်ကင်းလေးတွေကြည့်ပြီး ဘာမှန်းမသိ လွမ်းမိတယ်။


  7. တို့စရာတွေ အစုံနဲ့ထမင်းစားချင်တယ်


  8. စုံနေတာပဲ ကောင်းလိုက်တာ။ ဓာတ်ပုံတွေကလဲ ကြည်နေတာပဲ။ မမကွန် ကို အဲဒီ ဖုံးကင်မရာလေး ငှါးလိုက်ဖို့ကောင်းတယ် ဟက်ဟက်


  9. khin oo may Says:

    ဘယ်ဈေးလဲ. အားလုံးကြည့်သွားဖတ်သွာသည်။


  10. မုန်းးဒယ်


  11. ဟုတ်ပါ့ပုံတွေကတော့ အစုံပဲ ကြည့်ရတာနဲ့ သွားရည်ကျတယ်။ အတို့အမြှုတ်ထဲက ခရမ်းကြွပ်သီးလေးတွေ အလွမ်းဆုံးပဲ။ ရှောက်ရွက်အနံလေးကလည်း နှမ်းဘတ်ချဉ်ထဲကထွက်လာသလားလို့ပဲ။
    တစ်ခုလိုနေတာက ဘယ်မြို့၊ဘယ်ရွာ၊ ဘယ်ရပ်ကွက်က ဘာဈေးလဲ မသိရဘူးနော်။ မှန်းကြည့်လို့မရဘူးဖြစ်သွားတာပေါ့။ (သိမ်းထားမယ်ဆိုလို့ရေးပေးတာနော်။ ဆင်ဆာမဖြတ်ပစ်ရဘူး။ ဟဲ--ဟဲ---။)


  12. khin oo may Says:

    ဟုတ်ပါ့
    ကြည်နေတာဘဲ။


  13. ko hinthar Says:

    ဘာဖုန်းလေးလဲသိပါရစေ


  14. မမမေ ဆီက နေရောက်လာတာ. . .
    ခုတလောကတော့ စားစရာတွေချည်းပါပဲလား..ရှလွှတ်. . .