Vista




မြန်မာပြည်ပြန်တော့ ပိုက်ပိုက်တော်တော်ကုန်တယ် ...ဘယ်သွားသွားရှောခနဲပဲကုန်တာ
ဒီမှာအကြွေစေ့တွေ
ပိုက်ပိုက်သေးသေးလေးတွေနဲ့  ကတ်တွေပဲသုံးခဲ့တာဆိုတော့ပိုက်ဆံအိတ်ကသေးသေးပဲရှိတယ်လေ မြန်မာပြည်ရောက်တော့ပိုက်ဆံအိပ်အကြီးကြီးလို ရော...ဆန့် မှမဆန့် တာ ..
သူများဆီကခဏဌားသုံးရတော့တယ် ..
ပြီးတော့ ဘယ်သွားသွားပိုက်ပိုက်ကိုယူသွားရတယ် ကတ်မှမရှိတော့ .အဲလို ...
ခရီးသွားလည်းကုန်မယ်ထင်သလောက်ယူသွားရပါတယ် ..လေးတာမပြောနဲ့ လွယ်ရတာ
တစ်ခုတွေ့ တာက ပိုက်ဆံတွေတော်တော်စုတ်တာပဲလို့ 
့အရင်တုန်းကကျနော်သိတာ ပိုက်ဆံစုတ်ရင်ပြန်လဲခိုင်းတာပဲ အခုဘယ်လောက်စုတ်တဲ့ပိုက်ဆံဖြစ်ဖြစ်ယူတာတွေ့ ရတယ် ...အစုတ်ဆုံးက ၂၀၀ နဲ့  ၁၀၀ တန်တွေပါ .. ၅၀၀တန်က အဲလောက်မဆိုးဘူး..
ပုံတွေကိုကြည့်  .. စုတ်ပြတ်နေလို့ မှတ်တမ်းတင်ထားမိတယ် ..
ဒါတောင်နောက်ပိုင်းဒီ့ထက်စုတ်တဲ့ ပိုက်ဆံတွေတွေ့ သေးတယ်
ကျနော်ကတော့အဲဒီပိုက်ပိုက်တွေကိုင်ပြီးတိုင်းမှာ လက်ဆေးလိုက် ( အိမ်မှာ )
( ခရီးသွားတော့ hand sanitizers ) နဲ့ ပေါ့ မလွယ်ပါလားနော် ..
7 Responses
  1. နောက်ဆို လက်အိတ်လေးစွပ်သွား ဗစ်...


  2. အဲဒီထက် ဆိုးတဲ့ ပိုက်ပိုက်တောင် တွေ့ခဲ့ရသေးတယ်။
    တခုလုံး တိတ်တွေနဲ့  ကပ်ထားတာ။ စဉ်းစားမိတယ် ပလတ်စတစ်လောင်းသုံးရင်ကောင်းမယ်လို့ ...
    ဟိဟိ..
    ပြီးတော့..
    ဆိုင်က ပြန်အမ်းတဲ့ ၂၀၀ တန် က သေးသေးလေးဆိုပြီး မာမားကို ပြန်မေးရသေးတာ။ (ဆိုင်ရှင် ညီမလေးကို မမေးရဲဘူး)..
    မာမားက ရီပါလေရော..
    ၅၀၀ တန် သေးသေးလေးတွေ့ တော့ ဟုတ်မှာပါလို့ ပဲ တွေးလိုက်တော့တယ်။
    မုန့် ဝယ်စားတော့ ဝယ်စားလို့  ရသားပဲ။ ။
    ဟိဟိ..
    ဆိုဒ်စုံ။ ပုံစံ အစုံနဲ့  မြန်မာပြည် ပိုက်ပိုက်ပါ။ ။


  3. Unknown Says:

    တင်စရာဒါ့ပုံအဲလောက်ရှားသလား အော့၂ဝေါ့
    တို့ ဆို ပြန်တုန်းက နှမတော်လေးပိုက်အိပ်ကိုင်ခိုင်းပြီး လိုချင်တာယူ သူကနောက်ကပိုက်ရှင်း တကယ့်ကိုရွံလို့  (တို့ ဒီမရောက်ခင်တုန်းကကို အဲ့လို မဟုတ်ဘူး ပြီး မေက ဘယ်တော့မှ အစုတ်မယူဘူး ဒီတော့ အကောင်းပဲမြင်ဘူးကိုင်ဘူးတာကိုး)
    ဟော ဒီလည်းပြန်ရောက်ကော အကိုတော်က အဲ့ကြောင်းသိတော့ ဆဲပါလေရောလား ပိုက်ဆံတောင် လက်နဲ့ မကိုင်နိုင်အောင် ဘာကိန်းခန်းကြီးတာလဲဆိုပြီးလေ နေပစေ သူပြန်မှ တွေ့ လိမ့်မယ် သူကဖြင့် မပြန်တာ ၁၀ စုနှစ်ကျော်နေပြီ


  4. သထိန်းပဲ...

းဝ)


  5. ဟုတ်ပ ထောပြန်တုန်းကလဲ ပိုက်တွေစုတ်နေတာ အဲလိုမှမသိပဲ ပြန်လဲခိုင်းတာတို့ ဘာတို့လုပ်မိသေးတယ် နောက်ကိုင်ပြီးတိုင်း dettol Hand sanitizer သုံးရတယ် အပြင်မှာ မုန့်စားရဲဘူး တခါတလေ ပိုက်မအမ်းပဲ သကြားလုံးတို့ တစ်ရှုးတို့အမ်းတာကတမျိုး တအားစိတ်ပျက်ဖို့ကောင်းတယ် နောက်တစ်ခု ရောက်ရောက်ခြင်းကားလမ်းကူးတာအခက်အခဲဖြစ်တယ် ကားတွေကကျော်တတ်နေကြတာ ကြောက်လို့ အမေကကိုယ့်ကိုလက်ပြန်ဆွဲခေါ်နေရတယ် အဖြစ်က မနှစ်နှစ်နှစ်ကနဲ့မတူ


  6. ll_ll Says:

    မနိုင်ဘူးနော်___ကိုကြီးကျယ်တို့ကို...
    မြင်ဘူးဘာတယ် အဲဒီလောက် စုတ်တာတော့_မမြင်မိဘူး...
    သူဋ္ဌေးတွေဆိုတို့ဒီလောက်တော့ရှိမယ်ထင်တယ်.... ( စဉ်းစားစရာပဲ )
    လူလူချင်း လူချင်းလူချင်း သူတို့လဲဆန်စားတာပဲ ငါတို့လဲဆန်စားတာပဲ...


  7. ဟုတ်တယ် ရန်ကုန်က အမဝမ်းကွဲတွေဆို ငွေကိုင်ကို သတ်သတ်ငှါးထားရတယ်တဲ့။ ဈေးဝယ်ထွက်ရင် ခေါ်သွားရတယ် ပြောတယ်