Vista
Company တစ်ခုမှာ အင်ဂျင်နီယာတွေနဲ့  HR တွေနဲ့ တော်တော်များများမတည့် တတ်ကြပါဘူး
တည့်တာရှားလိမ့်မယ်ထင်တယ် …တစ်ချို့ တော့တည့်မှာပါ တည့်တာလည်းတွေ့ ဖူးပါတယ်
၁၀ယောက် ၂ယောက်….
များသောအားဖြင့်HR မမ တွေက သူဌေးထက်တောင်မှသူဌေးပစ္စည်းကိုသိတတ်သေးတယ်
ခွင့်များဖြတ်ရမလားရှေ့ ဆုံးက … အိုတီဆို မပေးခြင်ပေးခြင်..
တက်စီခ ဖုန်းခ claim ဖို့ မေ့လေဝမ်းသာလေ
အများအားဖြင့် အလုပ်ရှုပ်တတ်တဲ့ အင်ဂျင်နီယာတွေက ခံဘက်ကချည်းပဲ
တက်စီခ ဖုန်းခ claim ဖို့ မေ့  ဒါမျိုး HR မမတွေ အကြိုက်..သိတယ်ဘယ်တော့မှသတိမပေးဘူး
ကိုယ့်ရုံးမှာလည်း အတူတူပဲ .. ညဘက်လုပ်ရတာကျတော့မသိခြင်ယောင်ဆောင်နေတယ်
မနက် မလာနဲ့ နားပါလို့ မန်နေဂျာက နားခိုင်းလို့ နားတာတောင်သူတို့ က မေးသေးစမ်းသေးတာ
ဟိုတစ်ယောက် မတွေ့ ဘာလားတို့  ဘယ်များရောက်နေလဲတို့ 
မန်နေဂျာကို မသိမသာလေးနဲ့ မေးတတ်တယ်
အဲဒီနေရာမှာမန်နေဂျာက ကောင်းမှ …..
များသောအားဖြင့်ကောင်းကြပါတယ် ကိုယ့်အင်ဂျင်နီယာ အချင်းချင်းပဲ
သူတစ်ညလုံးအလုပ်လုပ်ထားရတာ သိပ်ပင်ပန်းနေပြီ ငါနားခိုင်းထားတယ် အဲလိုပြတ်ပြတ်ပြောမှ ငြိမ် သွားတာ … မဟုတ်ရင်နေ့ တဝက်လာခိုင်းပါလားဟင်ဆိုတာရှိသေးတယ် ။
ကိုယ့်သူငယ်ချင်းစလုံးတွေဆို ကိုယ်တို့ ဌာနက HR manager မမကြီးကိုသိပ်အမြင်ကပ်တာ
ကိုယ့်ကိုဆို အမြဲပြောတယ် ဟဲ့ ဘယ်နားသွားသွား တက်စီကိုစီးပါ ပြီးရင် သွား claim နော် စုမထားနဲ့ 
ဘော့စ်က ခွင့်ပြုတယ် ကိုယ်ပိုင်ကားမောင်းတဲ့လူဆို ဆီဖိုး မမောင်းတဲ့လူဆို တက်စီခ
ပြန်တောင်းလို့ ရတယ်ဆိုပြီး rule ရှိပြီးသားပါ .. အဲဟာမကြီးမျက်နှာကြည့်မနေနဲ့ သူက ဘော့စ်မဟုတ် ဘူး စသည်ဖြင့်ပေါ့လေ ..
ကျနော်တို့  company ကကြီးတော့သူ့ ဌာနနဲ့ သူ HR မမကြီးတွေသတ်သတ်ရှိတယ်
ထူးဆန်းတာက အားလုံးဒီပုံစံကြီးဘဲ ..
ကျနော်တို့ ကတော့ claim မယ့်ဟာတွေအားလုံးစု ဖိုင်တွဲပြီးတာနဲ့  သူစားပွဲပေါ်တင်ထားခဲ့ တာ
ပြီးတော့အလုပ်လုပ်နေလိုက်တယ် မကြည့်တော့ဘူး … အဲလို မေတ္တာတွေ ..အပြန်အလှန်ထားကြတား)
------------------------------------------------------------------------------------------
ဒါကတော့ဖတ်ဖူးတဲ့ အင်ဂျင်နီယာများ နဲ့  HR ဝန်ထမ်းများ ဟာသတွေထဲက တခုပေါ့
ဖတ်ဖူးပြီးသားလည်းဖြစ်ခြင်ဖြစ်ပါလိမ့်မယ် .. ဇတ်လမ်းကဒီလို ..


တစ်ခါကအရေးပေါ်ကယ်ဆယ်ရေးရဟတ်ယာဉ်ရဲ့အသက်ကယ်ကြိုးမှာ တွဲလောင်းဆွဲပြီးလူတွေကယ်လာရတယ်တဲ့ အရေးပေါ်အခြေအနေအရပေါ့ အဲဒီလူတွေမှာ HR ဝန်ထမ်းတွေ ၁၀ယောက်နဲ့ အင်ဂျင်နီယာ ၁ယောက်ပါတယ်တဲ့
ဒါပေမယ့် အဲဒီကြိုးက လူ ၁၀ ယောက်စာပဲခံနိုင်တယ်တဲ့ ၁၁ယောက်ဆိုပြတ်ကျပြီးအားလုံးသေကုန်မယ်တဲ့
အဲဒီတော့သူတို့ ထဲက ၁ယောက်က လက်လွတ်ချပြီးအားလုံးအတွက်စွန့် လွှတ်ပေးရမယ်…
ဘယ်သူဗော်လန်တီယာလုပ်မလဲဆိုတော့ ဘယ်သူမှ အသံမထွက်ကျဘူးတဲ့
အဲဒီအချိန်မှာ အင်ဂျင်နီယာက သူလွှတ်မယ်လို့ ပြောတယ်..
အင်ဂျင်နီယာတွေဟာ Company အတွက်အမြဲစွန့် လွတ်အနစ်နာခံနေကြဖြစ်တယ် လို့ သူကပြောတယ်
အင်ဂျင်နီယာတွေဟာ အိုတီမတောင်း မိသားစုအတွက် ချိန်တွေ ကို company အတွက်
ပေးလို့ အလုပ်လုပ်တဲ့လူတွေဖြစ်တယ်
ဒီလိုစွန့် လွှတ်နေကြမို့ လိုဒီတစ်ခါလည်း သူပဲလက်လွှတ်ဆင်းပေးပမယ်လို့ ပြောလိုက်တယ်
သူ့ စကားအဆုံးမှာ အားလုံး သောHR ဝန်ထမ်းတွေက လက်ခုတ်တီးလိုက်ကြတယ်တဲ့ …း)
-----------------------------------------------------------------------------------------------

HR သူငယ်ချင်းများမဆဲကြပါနဲ့ နော် ပျော်စေပျက်စေပါ .
Labels: edit post
11 Responses
  1. hr ဆိုတာ ဘာကိုပြောတာပါလိမ့်။ အတိုကောက်ဆိုတော့
    နားမလည်လို့ ပါ။

    မအယ်


  2. :) ဗစ်ရေ ဖြစ်တတ်ကြပါတယ် ပြုံးရုံသာပြုံးသွားတယ် ဘာလို့လဲဆိုတော့ ထောလည်း HR တာဝန်တ၀က်လောက်ထမ်းဆောင်နေရလို့ :)

    HR ဆိုတာ Human Resources ပါ မအယ်


  3. JulyDream Says:

    ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ကိုယ်တွေ ရုံးချုပ်က HR ကတော့ ဖားမလေးတွေ။ သိပ်လှ သိပ်ချောပဲ။ သူ့ဘာသာ ဆူဆူပူပူ လုပ်လည်း ကိုယ်တွေကတော့ နားနှစ်ဘက်ကို ခဏ နားခိုင်းပြီး မျက်လုံး နှစ်လုံးနဲ့ ရတဲ့အခွင့်အရေး မလွတ်စတမ်း ငမ်းပစ်တော့ နောက်ဆုံး အဖြေထုတ်ရင် ကိုယ်တွေက တန်ပါတယ်လေ။ အဟက်...


  4. ကိုဂျုလိုင်တို့ မနိုင်ပါလားဟေ့။
    HR တွေဆိုးချက်ကတော့ ပြောမပြောချင်တော့ပါဘူးအေ့။



  5. Vista Says:

    ဂျေဒီ ပြောသလိုတော့ရှိတယ် HR မန်နေဂျာမကြီးအောက်မှာ Assistant ၂ယောက်စီရှိသေးတယ် အဲဟာလေးတွေကတော့ စလုံးမှလှလှလေးတွေ သဘောကောင်းမှကောင်း ဒါပေမယ့် သူတို့ မမကြီးကိုကြောက်ရတော့ သနားစရာပေါ့လေ
    ထောလေးမပါဘာဘူး ဟိ...


  6. Unknown Says:

    တို့  စလုံးက HR တွေကတော့ အေးဆေးပဲ မိန်းမချင်းကို
    မြန်မာတုန်းက HR ကတော့ ဘုနဲ့ ဘောက် ထက်တောင်လွန်သေး ပြီး HR က ယောက်ျားကြီး ပြီး ပစိပစပ်သိပ်များတာပဲ သူပဲ စည်းကမ်းတွေထုတ် သူပဲချိုးဖောက် ဒါကို တို့ ကထောက်ပြတော့ မျက်ထောင့်နီကြီးနဲ့  စိတ်တွေဆိုးတယ်လေ သိပ်မထောက်ပါဘူး တို့ ကလည်း သူက ရုံးချိန် မုန့် မစားရဘူးလို့  အမိန့် ထုတ်တယ် ပြီး သူပဲ ထမင်းစားပြီး ညနေဆာရင် စားဖို့ မုန့် ဝယ်တယ် အဲ့ဒီတော့ တို့ က ဟယ် HR မန်နေဂျာကြီးကို သူများအပြောခံရမှာပေါ့ ပေးပေး ဆိုပြီး အဲ့မုန့် တို့ ယူလိုက်တယ် (ပါးစပ်လေးအဟောင်းသားနဲ့ ကျန်ခဲ့ရော) အဟိ

    နောက်တခါလည်း အစည်းအဝေးခန်းထဲမှာ အချိန်ကုန်သွားလို့  နေ့ လည်စာမစားလိုက်ရလို့  အဲ့အခန်းထဲက မုန့် ကိုယူလာတာပြီး စားပွဲပေါ်တင်ထားတာလေ တို့ က ကိစ္စရှိလို့ သွားတော့ တွေ့ ရော ဒါနဲ့ ဟယ် HR မန်နေဂျာကြီး စားပွဲပေါ် မုန့် ကြီး ကျန်း သူများတွေ့ ရင် အထင်လွဲခံရတော့မှာပဲ သာမီးပဲ စားလိုက်မယ်နော် ဆိုပြီး စားပလိုက်တယ် အဟိ (အဲ့အချိန် က မန်းစားချိန်ကျော်သွားပြီလေ အပြင်လည်းထွက်မရ ၀ယ်ခိုင်းလို့ လည်းမရနဲ့  အဟိ ခုရေးရင်းတောင် အဲ့မျက်နှာကြီးပြန်မြင်ပြီး ရီလိုက်ရတာ)
    သူကလည်း တို့ ဆို တွေ့ ရာ ---- ဓါးမဆိုင်းပဲ အဟိ
    တို့ ကိုဆို တမင်စောင့်ဖမ်းတာပဲ အဟိ ဒီကလည်း ဘယ်ရလဲ
    ချိုချဉ်လောက် အားတိုင်းစားနေတော့ ပါးစပ်လှုပ်ရင်ကို လာစမ်းပဲ ဒီတော့ မြန်၂၀ါးစားပြီး ဘယ်မှာစားလဲ ဘယ်မှာစားလဲ ဟွန့်  ဆိုပြီး ပြန်ပြောတာပေါ့ အဟိ

    စိတ်ကောင်းဝင်ရင် တို့ က ပြန်ချော့ပါတယ် သူ့ ရုံးခန်းထဲ သွားရမယ့်နေ့ ကိစ္စရှိရင် အသည်းလေး ချိုချဉ်စားမလားပေါ့ (တကယ်တော့ အသည်းပုံချိုချဉ်စားမလားမေးတာပါ အဟိ) ဒါကို သူ့ ကို မခန့် လေးစားလုပ်ရပါ့မလားဆိုပြီး မျက်နှာကြီးနီပြီး ဒေါသတွေထွက် ငေါက်ရဆူရအောင်လည်း လူတွေက များကြီးေ၇ှ့  ပြီး တို့ က မျက်လုံးလေးကလယ်ကလယ် မသိနားမလည်တဲ့ အပြစ်ကင်းတဲ့ပုံစံလေးနဲ့  သူ့ ကို ပြန်ကြည့်နေလိုက်တာလေ (ကျန်တဲ့လူတွေကတော့ အသေကြိတ်၇ီတာပေါ့) အဟိဟိ ပြန်တွေးမိတိုင်း ရီချင်တာအေ တချို့ လူကြီးတွေက အပြောနဲ့ အလုပ်မညီလို့ နည်း၂ပါး၂လေး ပညာပေးလိုက်တာပါ (တကယ်က တို့ က ရိုးသားသူလေးပါ)

    ဟယ်မန့် တာ မဖြစ်စလောက်လေး ရှည်သွားပြီ အားနာလိုက်တာဟယ် (တကယ် တို့ က အားနာတတ်တာပါဟယ် ယုံပါဗစ်ရယ်)


  7. Unknown Says:

    အဟင့် အားနာတာ ပြန်ကြည့်မှ ဘလော့ပိုင်ရှင်ပိုစ့်ထက် ရှည်သွားတယ် အဟိ ခွင့်လွှတ်နော် ဗစ်ဗစ် စိတ်မဆိုးနဲ့ နော် တရံတခါ ရေးမိတာလေးများ
    ဟမ် တော်မှ တော်မှ


  8. သခင်အားရ ကျွန်ပါးဝ


  9. မှန်လိုက်လေ...ညီမလေးရေ =)


  10. thinzar Says:

    HR တွေက နေရာတိုင်းမှာ မဆိုးပါဘူး.... စည်းကမ်းဖောက်တဲ့သူကိုတော့ အရေးယူရမှာပေါ့....