Vista
ယုဇနပင်ပန်းတွေကြားမှာသိစရာအဖြေရှိမယ်…
ကိုယ့်အချစ်ကိုမပစ်ရင်ဖဲကြိုးအဝါလေးကို…
ပန်းတွေကြားမှာတွေ့ မယ် ….
ကိုယ်မျှော်လင့်ခဲ့ရတယ် …
( ကိုဇော်ဝင်းထွဋ် - ယုဇနပင်နဲ့ ဖဲကြိုးဝါ)



ရန်ကုန်က အိမ်ရှေ့ မှာကိုယ်စိုက်ခဲ့တဲ့ယုဇနပင်လေး ..
ဝယ်ခါစကပန်းအိုးနဲ့ သေးသေးလေး စားပွဲပေါ်အလှတင်ရတဲ့အပုအမျိုးပေါ့..
ကိုကိုနဲ့ ကိုယ်နဲ့ အိမ်အတွက်ပန်းပင်တွေ သွားဝယ်ကြတုံးက..
လွန်ခဲ့တဲ့ ၃ ၊ ၄ နှစ်လောက်က …
တစ်ခြားဂမုန်းပန်းတွေလည်းပါတယ် ဝယ်လာကြတာ ..
ဒီအပင်လေး ကိုကိုက ဝယ်ပေးတာ …
ကိုယ့်အတွက် ပန်းအိုးလေးနဲ့ စားပွဲပေါ်တင်ထားဖို့ တဲ့ ..
ကိုယ်ကပန်းအိုးလေးကိုခွဲပြီး ခြံထဲမှာစိုက်လိုက်ပါတယ် …
သူကလေးကို လွတ်လွတ်လပ်လပ်ကြီးပြင်းစေချင်လို့ ပါ ..
အခုတော့ ၂ပေလောက်ရှိတဲ့ခြုံပုတ်လေးဖြစ်နေပြီတဲ့ ..
ပန်းတွေအဆုတ်လိုက် အဆုတ်လိုက်ဝေလို့ တဲ့ …
ညတွေမှာဆိုမွှေးလိုက်တာတဲ့ ….
အိမ်ကပို့ လိုက်တဲ့ ပုံလေးပေါ့…
Labels: edit post
14 Responses
  1. Unknown Says:

    ဖဲကြိုးဝါလေးချည်လိုက်ပြီ (မြင်လား) မမြင်ရင် အရူး (ဟိ)

    ယုဇနပန်းရဲ့  အနံ့ လေးကို သိပ်ကြိုက်တယ်
    အရွက်လေးတွေက ဆီသုတ်ထားသလို ပြောင်လို့ 
    စလုံးကို သဘောကျတဲ့ ထဲမှာ နေရာအနှံ့ မှာ ယုဇနပန်းပင်ရှိလို့ 


  2. Unknown Says:

    ဗစ် သိလား သိလား
    ယုဇနပန်းကိုလေ ကြိုက်လွန်းလို့  ခူးပြီး နှာခေါင်းပေါက်ဝထားပြီး အားရပါးရ ရှူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဆို မွှေးထည့်လိုက်တာလေ
    ဘာဖြစ်သွားတယ်ထင်လဲ
    ဟင့် အထဲက သကောင့်သား အကောင်မဲမဲလေးတွေကလေ နှာခေါင်းထဲဝင်သွားပြီး ဟတ် ဟတ် ဟတ် ချိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဆိုပြီ ချီသွားတာ
    စိတ်နာတယ် အဲ့အကောင် ပိစိညှောက်တောင့်ကလေးတွေကို


  3. လှတယ် ပန်းပန်တာမကြိုက်ပေမယ့် ပန်းပုံတွေဆိုရင်တော့တအားသဘောကျတယ် လှတယ် သြော် ဖဲကြိုးအ၀ါမမြင်ရင်ပဲ အရူးဖြစ်ရတော့မယ် မြင်တယ်ပဲပြောလိုက်ပါတော့မယ် အရူးလို့တော့အထင်မခံနိုင်ပေါင်


  4. ပန်းတွေကိုတော့ မွေးခဲတယ် တော်ကြာ မဘဏ်လို့ဖြစ်မှာဆိုးလို့


  5. Vista Says:

    ဟုတ်တယ် ကိုယ်ရုံးနားမှာလည်းအများကြီးပဲ
    သူတို့ တွေ့ ရင်အိမ်ကိုလွမ်းတယ်
    ဖဲကြိုးအဝါက သီချင်းသွားသတိရလို့ ပါ
    ဘာမှတော့မဆိုင် ဟိဟိ ..
    စိတ်ကူးယဉ်တတ်သူများ ယဉ်ရအောင်လို့ ပါ


  6. Vista Says:

    ဘဏ်ရယ် ဖြစ်ရလေဟယ်


  7. mae Says:

    ယုဇနပန်း အရမ်းကြိုက်တယ်၊ ခူးခူးပြီး ဆံပင်ထဲ ထည့်ပန်တာလေ

    (ဘဏ်လေးကို အော်ရယ်သွားတယ်)


  8. Unknown Says:

    mae အော်ရယ်သံ မကြားလိုက်ဘူး ပြန်ရယ်ပြပါ


  9. Vista Says:

    မေ အော်ရယ်လိုက်ပါ ဘဏ်လေးအတွက်သတ်သတ်


  10. ယုဇနပန်းလေး အရမ်းကြိုက်တယ်.... လှလဲလှတယ်.... မွှေးလဲမွှေးတယ်


  11. mae Says:

    ဟားဟားဟားဟားဟား
    ရပီလား

    (ဗစ်.. မမွန်က သုနှင်းဆီပါ.. ဘယ်သူ့နှင်းဆီမှ မဟုတ်ပါဘူး)


  12. Shinlay Says:

    ပန်းနံလေးတောင် ရလာသလိုပဲ


  13. လှချက်
    ဒီမှာလဲ စိုက်ချင်လိုက်တာဟယ်
    နေရာမရှိလို့


  14. Vista Says:

    လမ်းကပန်းတွေတော့မနှတ်လာနဲ့ နော်